Thursday, 30 July 2015
ခရီးသွားခြင်းကိုအဓိပ္ပာဖွင့်ဆိုကြသူများ
ကိုယ်တိုင်လည်းဒီနှစ်ပိုင်းတွေမှာ ခရီးတွေထွက်ဖြစ်သလို ခရီးသွားခြင်းနဲ့ပက်သက်တဲ့ blog တွေ စာအုပ်တွေလည်းဖတ်ဖြစ်တယ် ခုတလောဟောင်ကောင်ကbloggerတစ်ယောက်ရဲ့ blogတစ်ခုကိုအကြောင်းပြုပြီး topic တစ်ခုက hot ဖြစ်လာတယ်
သူရေးထားတာက "အပေါင်းအသင်း မိတ်ဆွေတွေက ကျွန်မကို 'နင်ခရီးသွားပြန်ပြီလားနင်ကတော့သေချာပါတယ်ပိုက်ဆံတော်တော်ရှိတာပဲ' လို့ပြောလေ့ရှိကြပါတယ်။ ကျွန်မအနေနဲ့တော့ဒါကိုလက်မခံနိုင်ပါဘူး ဘာကြောင့်လည်းဆိုတော့ ခရီးသွားတိုင်းပိုက်ဆံအများကြီးကုန်တာမှမဟုတ်တာ တကယ်တော့ခရီးထွက်တဲ့အခါ ကျွန်မတို့မှာ ရွေးချယ်စရာတွေရှိပါတယ် Cathay Pacific နဲ့သွားမလား Hong Kong express ပဲစီးမလား hotelနေနဲ့လည်း ကြယ်ငါးပွင့်ဟိုတယ်တည်းမလား ဒါမှမဟုတ် အဆောင်လို လေးငါးဆယ်ယောက်ပေါင်းနေရတဲ့ guest house လိုမျိုးမှာပဲတည်းမလား ဘယ်လိုပဲရွေးချယ်ရွေးချယ် ခရီးထွက်တယ်ဆိုတဲ့ သဘောသဘာဝကတော့ အတူတူပဲလိုကျွန်မကယူဆပါတယ်
သူများတွေ နာမည်ကြီးပိုက်ဆံအိတ်တွေ pandoraလိုနာမည်ကြီး fancy တွေ ဝတ်နေချိန်မှာ ကျွန်မကတော့ ဘာဝယ်ဝယ် တရုတ်ပြည်က Taobao ဝက်ဆိုက်ကပဲ သူများတွေ ကြယ်ငါးပွင့်ခြောက်ပွင့်စာသောက်ဆိုင်ကြီးတွေမှာမှစားတဲ့အချိန် ကျွန်မကတော့ ရပ်ကွက်ထဲက ခေါက်ဆွဲဆိုင်မှာပဲ စားဖြစ်ပါတယ် ........ အိမ်ဈေးတွေသိပ်ကြီးတဲ့ဟောင်ကောင်မှာအိမ်ဝယ်ဖို့လည်းစိတ်မကူးပါဘူး ထီပေါက်ရင်တော့တမျိုးပေါ့ ..... ခရီးထွက်ရင်မျက်စိပွင့်နားပွင့်ဖြစ်တယ် ကိုယ်ကိုကိုယ်ပိုနားလည်းလာတယ် အိမ်ဝယ်ဖို့ပိုက်ဆံစုတာထက် အဓိပ္ပာယ်ပိုရှိတယ်လို့တော့ ကျွန်မကဇွတ်မပြောပါဘူး ဘာလို့လည်းဆိုတော့ လူတိုင်းမှာကိုယ်ပိုင်ရပ်တည်ချက်မတူပါဘူး ရည်ရွယ်ချက်မတူပဲခရီးထွက်ကြတဲ့ သူတွေ မြင်တဲ့တွေ့တဲ့အရာတွေကလည်းမတူနိုင်ပါဘူး မတူတဲ့အရာတွေကိုအတူတူ နှိုင်းယှဉ်နေလို့လည်း အဓိပ္ပာယ်မရှိပါဘူး ကျွန်မအတွက်တော့ ခရီးလမ်းတလျှောက်မြင်ရတွေ့ရတဲ့ရှုခင်းတွေဟာ ပိုက်ဆံပေးပြီးဝယ်လို့မရပါဘူး တကယ်တော့ကမ္ဘာကြီးပေါမှာတချို့အရာတွေဟာ ငွေကြေးနဲ့တိုင်းတာလို့ နှိုင်းယှဉ်လို့မဖြစ်ဘူး"လို့ ရေးထားပါတယ်
ဒီblogerရေးထားတဲ့တချို့အပိုင်းလေးတွေကိုနှစ်သက်လို့ သင့်လျှော်အောင် ဘာသာပြန်ထားတာပါ အားလုံးကို မထောက်ခံပေမယ့် တချို့အပိုင်းလေးတွေကိုတော့ တော်တော်သဘောကျမိတယ် ဟုတ်တယ်လေ မတူတဲ့သူတွေမှာမတူတဲ့ရည်ရွယ်ချက်ရှိတွေရှိပါတယ် ခရီးထွက်ပုံထွက်နည်းခြင်းလည်းမတူကြပါဘူး တချိုကတော့ လေယာဉ်လက်မှတ်ဆိုလည်းCathay နဲ့မှ ဟိုတယ်ဆိုလည်း ကြယ်ငါးပွင့်မှဆိုရင်တော့ budgetများမှဖြစ်မှာပေါ့ တချို့ကြတောလည်းခရီးထွက်တဲ့အခါချွေတာတာမှလေယာဉ်လက်မှတ်ဆိုလည်းlowcostကိုပဲရွေးတယ် တည်းခိုဖို့ဆိုလည်း guest house မပြောနဲ့ အဆောင်လိုဟာမျိုးကိုမှ ရွေးတယ်
ကိုယ်တွေကတော့ လေယာဉ်လက်မှတ်ဆို အသက်သာဆုံး ဖြစ်အောင် low cost ကိုမှ ခြောက်လ တစ်နှစ်လောက် ကြိုဝယ်ပေမယ့် တည်းခိုဖို့ကိုတော့ ကြယ်လေးပွင့် သုံးပွင့် ဒါမှမဟုတ် rating မြင့်တဲ့ guest house တွေကိုရွေးဖြစ်ပါတယ် ခရီးထွက်တဲ့အခါ သက်တောင့်သက်သာနဲ့ ပျော်ရွှင်ဖွယ်ခရီးစဉ်ဖြစ်ဖို့အရေးကြီးသလို safety ဖြစ်ဖို့လည်းမမေ့သင့်ပါဘူး
ကျွန်မကတော့ ခရီးသွားခြင်းနဲ့ပက်သက်တဲ့အဓိပ္ပာယ်ကို ရှာဖွေနေဆဲပါပဲ
အောက်ပါ link မှာ မူရင်း blog ကို ဖတ်ရှုနိုင်ပါတယ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment